A+ Plus TTC: Automotive Repair Training Course Introduction

 ကားစက်ပြင်သင်တန်းဘာသာရပ်ဆိုသည်မှာ

အတတ်ပညာဘာသာရပ်တစ်ခုအနေဖြင့် ဝါသနာရှင်အတွက်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန်ဖြစ်စေ၊ နိုင်ငံခြားပညာရေးကို စက်မှုနှင့်လျှပ်စစ်အပိုင်းအတွက် လက်တွေ့ပြင်ဆင်နိုင်ရန်ဖြစ်စေ လက်တွေ့အသုံးချနိုင်မည့် အတတ်ပညာအနေဖြင့် လေ့လာသင်ယူနိုင်ရန် ကားစက်ပြင်သင်တန်းကို ဖွင့်လှစ်ပေးထားပါသည်။

အခြေခံစက်ပြင်ဘာသာရပ်အနေဖြင့်

 မော်တော်ကား စနစ်များ၏ အခြေခံသဘောတရား (Fundamentals of Vehicle Systems)

  • အင်ဂျင်စနစ် (Engine System) - ကားကို ဘယ်လိုမောင်းနှင်သလဲဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လေ၊ ဆီနဲ့ မီးပွားတို့ ဘယ်လိုပေါင်းစပ်ပြီး အင်ဂျင်ကို အလုပ်လုပ်စေသလဲဆိုတာကို လေ့လာရပါမယ်။ 
  • ဘရိတ်စနစ် (Brake System) - လုံခြုံရေးအတွက် အရေးအကြီးဆုံး စနစ်တစ်ခုပါ။ ဘရိတ်အုပ်၊ ဘရိတ်ဆီနဲ့ ဘရိတ်ဒစ်ခ်တို့ ဘယ်လို အလုပ်လုပ်ပုံကို နားလည်ထားရပါမယ်။ 
  • လျှပ်စစ်စနစ် (Electrical System) - ဘက်ထရီ၊ အယ်လ်တာနိတ်တာ (alternator) နဲ့ စတားတား (starter) တို့ဟာ ကားရဲ့ အခြေခံ လျှပ်စစ်ပစ္စည်းတွေပါ။ ဒီအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ပုံနဲ့ ပြဿနာရှိရင် ဘယ်လိုရှာဖွေရမယ်ဆိုတာကို လေ့လာရပါမယ်။ 
  • ဆီပေးစနစ် (Fuel System) - ဆီပန့်၊ ဆီစစ် (fuel filter) နဲ့ အင်ဂျင်ထဲကို ဆီပို့တဲ့စနစ်တွေအကြောင်း သိထားဖို့ လိုအပ်ပါတယ်။ 
  • အအေးခံစနစ် (Cooling System) - အင်ဂျင်ကို အပူလွန်ကဲမှုမရှိအောင် ဘယ်လိုကာကွယ်တယ်ဆိုတာကို သိရှိဖို့ပါ။ ရေဒီယေတာ (radiator)၊ ပန့်နဲ့ ရေပိုက်တွေအကြောင်း သင်ယူရပါမယ်။ 

အခြေခံ ပြုပြင်ထိန်းသိမ်းမှုများ (Basic Maintenance Procedures) 

  • ချောဆီနဲ့ အင်ဂျင်ဝိုင်စစ်လဲလှယ်ခြင်း (Oil and Oil Filter Change) - မော်တော်ကားရဲ့ သက်တမ်းရှည်စေဖို့ ပုံမှန်လုပ်ဆောင်သင့်တဲ့ အခြေခံအကျဆုံး လုပ်ငန်းစဉ်ပါ။ 
  • တာယာ စစ်ဆေးခြင်းနဲ့ လဲလှယ်ခြင်း (Tire Inspection and Rotation) - တာယာရဲ့လေပေါင်ချိန်ကို ဘယ်လိုစစ်ရမလဲ၊ တာယာပွန်းစားမှု မညီတဲ့အခါ ဘယ်လိုပြင်ရမလဲဆိုတာကို သိထားရပါမယ်။
  • ဘက်ထရီ စစ်ဆေးခြင်း (Battery Check) - ဘက်ထရီရဲ့ ဗို့အားကို တိုင်းတာပုံ၊ ဘက်ထရီအိုးကို သန့်ရှင်းရေးလုပ်ပုံတို့ကို လေ့လာရပါမယ်။ 
  • အင်ဂျင်သုံးအရည်အမျိုးမျိုး စစ်ဆေးခြင်း (Checking Fluids) - အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ ကူလန့် (coolant) နဲ့ ပါဝါစတီယာရင်ဆီ (power steering fluid) စတာတွေကို ဘယ်လိုစစ်ဆေးပြီး လိုအပ်ရင် ဖြည့်တင်းရမလဲဆိုတာကို နားလည်ရပါမယ်။

ထပ်တိုးဘာသာရပ်များအနေဖြင့်

(၁) ဂီယာဘောက် (𝑮𝒆𝒂𝒓𝒃𝒐𝒙)
- Auto Gearbox (အလုပ်လုပ်ပုံ၊ ခွဲခြမ်းစိပ်ဖြာခြင်း)
- Manual Gearbox (ပြုပြင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း)​
(၂) 𝑶𝑩𝑫
- OBD Live Data(ကားစနစ်အချက်အလက်​များ​ဖတ်ရှု့ခြင်း)
- On Board Diagnostic - OBD II (ကွန်ပျူတာ​စက်ထိုးပြစ်ချက်ရှာဖွေခြင်း)
(၃) ကားအောက်ပိုင်း (𝑺𝒖𝒔𝒑𝒆𝒏𝒔𝒊𝒐𝒏)
- Suspension Demonstration (စာတွေ့၊ လက်တွေ့)
- ကားအောက်ပိုင်းဘရိတ်စနစ်(စာတွေ့၊ လက်တွေ့)
(၄) (𝑬𝒍𝒆𝒄𝒕𝒓𝒊𝒄𝒂𝒍)
- Electrical fundamental (လျှပ်စစ်အခြေခံ)
- Multimeter (All Functions)
(၅) ဝါယာရိန်း (𝑾𝒊𝒓𝒊𝒏𝒈)
- Automotive wiring(မော်တော်ယာဥ်ဝါယာရိန်း)
- Dynamo, Motor(ဒိုင်နမို့၊ မော်တာ)
- Starting System(ကားစက်နှိုးခြင်းစနစ်)
- Charing System(ကားအားသွင်းခြင်းစနစ်)
- Automotive lightning (မော်တော်ယာဥ်မီးလိုင်း)​

A+ Plus - ကားစက်ပြင်သင်တန်း
ရတနာလမ်းမနှင့် ရာဇသင်္ကြန်လမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုံး 09404467788
Facebook: AutoPlusTTC
Tiktok: AutoPlusTTC